Block Element

Block element သည် ဝဘ်စာမျက်နှာတစ်ခုပေါ်တွင် အကြောင်းအရာတစ်ခု၏ အပိုင်းအခြား သတ်မှတ်ရန်အတွက်အသုံးပြုသော အခြေခံတည်ဆောက်ရေး HTML element block တစ်ခုဖြစ်ပြီး ၎င်းသည် ၎င်းအပေါ်တွင်ရှိသော element ၏ အောက်နေရာသစ်မှစပြီး  ဘယ်ဘက်အစွန်းအထိ ရသနိုင်သမျှသော အကျယ်ကိုယူပြီးဖြစ်ပေါ်သည်။ block element များသည် ‌ဒေါင်လိုက် တစ်ခုပြီးတစ်ခု အထက်အောက် ဖြစ်ပေါ်ကြသည်။

အသုံးများသော block element များမှာ

  • <div> အကြောင်းအရာများထည့်သွင်းသည့် container

  • <p> စာပုဒ်

  • <h1>, <h2>, <h3>, <h4>, <h5>, <h6> ခေါင်းစဉ်များ

  • <ul> နံပါတ်စဉ်ဖြင့်သတ်မှတ်ခြင်းမရှိသော အစဉ်

  • <ol> နံပါတ်စဉ်ဖြင့်သတ်မှတ်သော အစဉ်

  • <li> အစဉ်တွင်ပါဝင်သော ပစ္စည်း

  • <table> ဇယား

  • <header>, <footer>, <section>, <article> ဝဘ်စာမျက်နှာတွင်ပါဝင်သော အစိတ်ပိုင်းသတ်မှတ်ရန် သတ်မှတ်ထားသော သီးသန့် element များ

Block element များကို ဝဘ်စာမျက်နှာတွင်ပါဝင်သော အဓိက အကြောင်းအရာများကို အထက်အောက် နေရာချရန် အသုံးပြုသည်။

အောက်တွင်ဖော်ပြထားသော HTML code နမူကိုသုံးပြု၍ block element များ၏ သဘောတရားကို နားလည်နိုင်သည်။

 

<!DOCTYPE html>

<html>

<head>

  <title>Block Element Example</title>

</head>

<body>

  <div>

    <h1>This is a heading</h1>

    <p>This is a paragraph inside a div.</p>

  </div>

  <p>This is another paragraph, and it starts on a new line because it's a block element.</p>

</body>

</html>