
client ဟူသောဝေါဟာရသည် အကြောင်းအရာပေါ်မူတည်၍ အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။
ကွန်ပျူတာနယ်ပယ်တွင် client သည် ဆာဗာ (server) တစ်ခုဆီမှ ဝန်ဆောင်မှုများကို တောင်းဆိုလက်ခံသည့် ဆော့ဖ်ဝဲ (software) (သို့) ဟာ့ဒ်ဝဲ (hardware) တစ်ခုဖြစ်သည်။ client-server model အလုပ်လုပ်ပုံတွင် client သည် တောင်းဆိုမှုတစ်ခုကို စတင်ပြီး server သည်တောင်းဆိုထားသော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည်။ ကွန်ပျူတာနယ်ပယ်အတွင်းရှိ client များကို ဥပမာအနေဖြင့်ဖော်ပြရလျှင်
web browser (ဝက်ဘရောက်ဆာ) - အသုံးပြုသူများမှ web browser ကို အသုံးပြု၍ ဝက်ဆိုက်တစ်ခုကိုကြည့်ရှု့သောအခါတွင် web browser သည် client အဖြစ်ဖြင့် ဝက်ဆိုက်လွှင့်တင်ထားသော ဆာဗာသို့ တောင်းဆိုမှုပြုလုပ်ပြီး ဝက်ဆိုက်ကို အသုံးပြုသူများသို့ ပြပေးသည်။
email clients (အီးမေးလ်ကလိုက်ရန့်) - အသုံးပြုသူများသည် မေးလ်ပရိုဂရမ် (mail program) တစ်ခုကိုအသုံးပြုပြီး မေးလ်ပို့ (သို့) လက်ခံ ပြုလုပ်သောအခါတွင် မေးလ်ပရိုဂရမ်သည် client အဖြစ်ဖြင့် မေးလ်ဆာဗာများနှင့်ဆက်သွယ်ပြီး အသုံးပြုသူများ၏မေးလ်များကို စီမံပေးသည်။
mobile apps (မိုဘိုင်းအက်ပ်) - မိုဘိုင်းအက်ပ်များသည် client အနေဖြင့် အဝေးရှိဆာဗာများမှ အချက်အလက်များဝန်ဆောင်မှုကို ရယူပေးသည်။ ဥပမာ လူမှုကွန်ယက် အက်ပ်များသည် သက်ဆိုင်ရာ ဆာဗာများမှ post (ပို့စ်) များ၊ message (စာများ) နှင့် အခြားသော အချက်အလက်များကိုရယူပေးသည်။
လက်တွေ့လုပ်ငန်းနယ်ပယ်တွင် client ဆိုသည်မှာ လူတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုသည်ဖြစ်နိုင်ပြီး ၎င်းတို့လိုအပ်သည့် ဝန်ဆောင်မှုအတွက် ဝန်ဆောင်မှုကိုပေးနိုင်သော လူတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုကို အခကြေးငွေပေးဆောင်ကာ ဝန်ဆောင်မှုရယူသောသူများဖြစ်သည်။