
ကွန်ပျူတာကွန်ရက်တစ်ခုဆိုသည်မှာ ကွန်ပျူတာများအပြန်အလှန်ချိတ်ဆက်ထားသော စနစ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် အချင်းချင်း အချက်လက်များ ဖလှယ်နိုင်ခြင်းနှင့် အရင်းအမြစ်များကိုမျှဝေနိုင်ခြင်း များပြုလုပ်နိုင်သည်။ ပါဝင်သော ကွန်ပျူတာများသည် သာမန် လက်တော့လေးတစ်လုံးမှသည် ဧရာမ ဆာဗာကြီးအထိဖြစ်နိုင်ပြီး ၎င်းတို့ကို အင်တာနက်ကြိုးများ၊ ကြိုးမဲ့စနစ်များဖြင့် ဆက်သွယ်ထားသည်။
ကွန်ပျူတာကွန်ရက်တစ်ခု၏ အဓိကပါဝင်သော အစိတ်အပိုင်းများမှာ
ဆုံမှတ် (nodes) များ - node ဆိုသည်မှာ ကွန်ပျူတာကွန်ရက်တွင်ပါဝင်သော အချက်အလက်များ အပြန်အလှန်ပေးပို့ရယူနိုင်သော ပစ္စည်းများဖြစ်ပြီး ကွန်ပျူတာ၊ ပရင်တာ၊ ဆာဗာ နှင့် အခြားသောပစ္စည်းများဖြစ်နိုင်သည်။
အချိပ်အဆက် (links) များ - ၎င်းတို့သည့် node အချင်းချင်း ဆက်သွယ်ပေးသည့် အချိပ်အဆက်များဖြစ်သည်။ ၎င်းတို့မှာ အင်တာနက်ကြိုး၊ ကြိုးမဲ့အချက်ပြစနစ် စသည်တို့ဖြစ်သည်။
ကွန်ရက်သုံးပစ္စည်းများ (network devices) - ၎င်းတို့သည် ကွန်ရက်အတွင်း ဒေတာစီးဆင်းမှုကို စီမံခန့်ခွဲရန်နှင့် ထိန်းချုပ်ရန် ကူညီပေးသည့် အထူးပြုလုပ်ထားသည့် ဟာ့ဒ်ဝဲများဖြစ်သည်။ ရောက်တာ (router)၊ ဆွစ်ချ် (switch) စသည်ကဲ့သို့သောပစ္စည်းများဖြစ်သည်။
နည်းဥပဒေ (protocols) များ - ၎င်းတို့သည် ကွန်ရက်ပေါ်တွင် node အချင်းချင်း ဆက်သွယ်ပုံအား ထိန်းချုပ်သည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများဖြစ်သည်။ TCP/IP သည် အင်တာနက်ပေါ်တွင် အသုံးအများဆုံး ပရိုတိုကောဖြစ်သည်။
ကွန်ပျူတာကွန်ရက်အမျိုးအစားများစွာရှိသော်လည်း အသုံးများသောကွန်ယက်အချို့မှာ
ဧရိယာကျဉ်း ကွန်ရက် (local area networks (LANs)) များ - ၎င်းတို့သည် အိမ်များ၊ ရုံးများနှင့် ကျောင်းများတွင် တွေ့ရလေ့ရှိသော သေးငယ်သောကွန်ရက်များဖြစ်သည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် ကွန်ပျူတာပစ္စည်း ဒါဇင်အနည်းငယ်ကို အတူတကွ ချိတ်ဆက်ကြသည်။
ဧရိယာကျယ် ကွန်ရက် (wide area networks (WANs)) များ - ၎င်းတို့သည် မြို့၊ ပြည်နယ် (သို့) နိုင်ငံအထိ ပိုမိုကျယ်ပြန့်သော ဧရိယာကို ချဲ့ထွင်သည့် ပိုကြီးသောကွန်ရက်များဖြစ်သည်။ ၎င်းတို့သည် ကွန်ပျူတာပစ္စည်းထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာကို အတူတကွ ချိတ်ဆက်နိုင်သည်။
ကြိုမဲ့ဧရိယာကျဉ်း ကွန်ရက် (wireless local area network) - ၎င်းတို့သည် Wi-Fi ကဲ့သို့သော ကြိုးမဲ့ချိတ်ဆက်မှုများကို အသုံးပြုသည့် LAN များဖြစ်သည်။ ၎င်းတို့သည် သမားရိုးကျကြိုးတပ် LAN များထက် ပိုမိုပြောင်းလွယ်ပြင်လွယ်ခြင်းနှင့် တည်ဆောက်ရန် ပိုမိုလွယ်ကူသောကြောင့် ၎င်းတို့သည် ပိုမိုရေပန်းစားလာသည်။
ကွန်ပျူတာကွန်ရက်များသည် ခေတ်သစ်ကမ္ဘာကြီးအတွက် မရှိမဖြစ် ဖြစ်သည်။ ၎င်းကွန်ရက်များကို အသုံးပြုပြီး အသုံးပြုသူများသည် အချင်းချင်း ဖိုင်များမျှဝေခြင်း၊ သတင်းအချက်အလက်များရယူခြင်း၊ ဆက်သွယ်ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းများ ပြုလုပ်နိုင်သည်။ ထို့အပြင် ကွန်ပျူတာကွန်ရက်များကို အမျိုးမျိုးသော စီးပွားရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင်လည်း အသုံးပြုသည်။