
URL တစ်ခုဖြင့်သတ်မှတ်ထားတဲ့ အရင်းအမြစ်တစ်ခုကို မည်ကဲ့သို့သော လုပ်ဆောင်မှု လုပ်ဆောင်မည် သတ်မှတ်ခြင်းကို HTTP verbs လို့လည်းခေါ်တဲ့ HTTP methods များဖြင့် အမိန့်ပေးသည်။ ၎င်းတို့သည် client နဲ့ server ဆက်သွယ်ရေးတွင် အရေးပါသည်။
အောက်တွင် အသုံးများသော HTTP method များနှင့် ၎င်းတို့၏ရည်ရွယ်ချက်များကိုဖော်ပြပါမည်။
၁. GET method
GET method ကို သတ်မှတ်ထားသော အရင်းအမြစ်တစ်ခုမှ အချက်အလက်များကို ပြန်လည်ရယူရန်အသုံးပြုသည်။ GET method အသုံးပြုနိုင်ရန်အတွက် အချက်အလက်များသည် သတ်မှတ်ထားသော နေရာတွင်ကြိုတင်ရှိပြီးသားဖြစ်ရသည်။
အသုံးပြုသူသည် URL တစ်ကြောင်းကို web browser တစ်ခု၏ address bar တွင်ရိုက်ထည့်ပြီး enter နှိပ်လိုက်ခြင်းသည် သက်ဆိုင်ရာဝက်ဆိုက်တစ်ခုမှ အရင်းအမြစ်များ ပြန်လည်ရယူရန်အတွက် GET request လုပ်လိုက်ခြင်းဖြစ်သည်။
ဥပမာ “https://www.digitalduty.org/blog/html-for-web-beginner-myanmar” သည် ၎င်းဝက်စာမျက်နှာတွင်ရှိသော အချက်အလက်များကို GET request ဖြင့် ပြန်လည်းရယူလိုက်ခြင်းဖြစ်သည်။
၂. POST method
POST method ကို အသုံးပြုသူမှ အချက်အလက်များကို server သို့ အသစ်ထည့်သွင်းရန်အတွက် အသုံးပြုသည်။
အသုံးပြုသူသည် ဝက်ဆိုက်တစ်ခု၏ ဖောင်များတွင်အချက်အလက်များဖြည့်သွင်းပြီး submit လုပ်ခြင်း၊ ဖိုင်များ upload လုပ်ခြင်း ၊စနစ်တစ်ခုတွင် အကောင့်အသစ်တစ်ခုကို ဖွင့်ခြင်း စသည်တို့သည် POST request လုပ်ဆောင်ခြင်းများဖြစ်သည်။
၃. PUT method
PUT method ကို ရှိပြီးသာဖြစ်သော အရင်းအဖြစ်များကို ပြန်လည်ပြင်ဆင်ရန် အသုံးပြုသည်။ PUT method သည် idempotent ဖြစ်သည်။ ဆိုလိုသည်မှာ တူညီသော PUT request ကို အကြိမ်များစွာပြုလုပ်သော်လည်း ရရှိလာသော ရလဒ်မှာ အမြဲတမ်းတူညီနေမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့်ဆိုရလျှင် POST request တစ်ခုကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်းသည် တူညီသော အရင်းမြစ်ကို အကြိမ်များစွာ ဖန်တီးနေမည်ဖြစ်သည်။
PUT method ကို အသုံးပြုပြီးပြင်ဆင်ရာတွင် အရင်းအမြစ်တစ်ခုကို အသစ်တစ်ခုဖြင့် အစားထိုးပြင်ဆင်ခြင်းဖြစ်သည်။
၄. DELETE method ကို သတ်မှတ်ထားသော အရင်းအမြစ်တစ်ခုဖယ်ရှားရန်အတွက် အသုံးပြုသည်။ အသုံးပြုသူသည် ဝက်စနစ်တစ်ခုမှ အရင်းအမြစ်များဖျက်ခြင်းသည် DELETE request ကိုအသုံးပြုခြင်းဖြစ်သည်။
၅. PATCH method ကို ရှိနှင့်ပြီးသာဖြစ်သော အရင်းအမြစ်များ၏ အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် အသုံးပြုသည်။ ၎င်းသည် အရင်းအမြစ်တစ်ခုလုံးကိုပြန်လည်ပြင်ဆင်ခြင်းမျိုးမဟုတ်ပဲ တစ်စိတ်တစ်ပိုင်းပြင်ဆင်ရာတွင်သုံးဝင်သည်။ အသုံးပြုသည် ဝက်စနစ်တစ်ခုတွင် မိမိ၏အချက်အလက်များမှာ အမည် (သို့) ဖုန်းနံပါတ်ပြင်ဆင်ခြင်းသည် PATCH request အသုံးပြုခြင်းဖြစ်သည်။
အခြားသော HTTP methods များလည်းရှိသေးသည်။