
မားသားဘုတ် (motherboard) ကို မိန်းဘုတ် (mainboard)၊ ပင်မဆာကစ်ဘုတ် (main circuit board)၊ MB၊ mboard၊ backplane board၊ baseboard၊ system board၊ mobo ဟူ၍လည်းလူသိများသည်။ Apple ကွန်ပျူတာများတွင် မားသားဘုတ် (motherboard) ကို လော့ဂျစ်ဘုတ် (logic board) ဟုခေါ်ပြီး printed circuit board (PCB) ဖြစ်သည်။
မားသားဘုတ် (motherboard) သည် ကွန်ပျူတာစနစ်တွင်ပါဝင်သော အစိတ်အပိုင်းများ ကို ကွန်ပျူတာ၏လုပ်ငန်းများ ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် လျှပ်စစ်ချိပ်ဆက်မှု ဆောင်ရွက်ပေးသည်။
မားသားဘုတ် (motherboard) တွင်အရေးကြီးသော အစိတ်အပိုင်းများစွာပါဝင်သည်။ ၄င်းတို့မှာ
ကွန်ပျူတာ၏ဦးနှောက် (central processing unit CPU) သည် စေခိုင်းလာသော ညွှန်ကြားချက်များ၊ လုပ်ငန်းစဉ်များ အားလုံးကိုလုပ်ဆောင်ပေးရသည်။
ကွန်ပျူတာ၏အလုပ်စားပွဲ (random access memory RAM) သည် CPU အတွက်လိုအပ်သော အချက်အလက်များကို အလုပ်လုပ်နေချိန်အတွင်း ယာယီ ထိမ်းသိမ်းပေးသည်။
ချဲ့ထွင်မှုစလော့ (Expansion slots) များသည် နောက်ထပ်လိုအပ်သော အစိတ်အပိုင်းများ ထပ်လောင်းတပ်ဆင်နိုင်သည်။
Input/Output (I/O) အပေါက်များသည် ကီးဘုတ် (keyboard)၊ မောက်စ် (mouse) နှင့် ပရင်တာ (printer) ကဲ့သို့သော ကွန်ပျူတာပြင်ပစက်ပစ္စည်းများ၏ ချိတ်ဆက်မှုကို ခွင့်ပြုသည်။
BIOS သည် မားသားဘုတ် (motherboard) ပေါ်တွင် သိမ်းဆည်းထားသည့် ပရိုဂရမ်ငယ်တစ်ခုဖြစ်ပြီး ကွန်ပျူတာ ဟာ့ဒ်ဝဲ (hardware) ကို စတင်လုပ်ဆောင်ရန် တာဝန်ရှိသည်။
မားသားဘုတ် (motherboard) သည် ကွန်ပျူတာတစ်လုံး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြားအစိတ်အပိုင်းများအားလုံးကို ချိပ်ဆက်ပြီး ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်အတွက် လုပ်ဆောင်ပါသည်။ ကွန်ပြူတာစနစ်တိုင်း၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။