
ဆော့ဖ်ဝဲ (software) အများစုတွင် ၄င်းတို့၏လုပ်ဆောင်ချက်များကို အသုံးပြုသူများ လွယ်လင့်တကူ နားလည်ကျွမ်းကျင်စွာ စေခိုင်းနိုင်စေရန်အတွက် ညွှန်ကြားချက် (သို့) ဖော်ပြချက်များ ကို ဘာသာစကား အသုံးပြုဖော်ပြခြင်းထက် အမြင်ဖြင့်နားလည်းစေနိုင်သော ကိုယ်စားပြုရုပ်ပုံများအသုံးပြုကြသည်။
ဘာသာစကားတစ်ခုကိုအသုံးပြုဖော်ပြသော် ဖော်ပြထားသော ဘာသာစကားကိုနားမလည်သော အသုံးပြုသူအတွက် အခက်အခဲဖြစ်စေမည်။ ထို့အပြင် လက်ရှိအသုံးပြုနေသော ဘာသာစကားအားလုံး ဖြင့်ဖော်ပြရန်လည်းအခက်အခဲများစွာရှိနိုင်သည်။
ကိုယ်စားပြုပုံများအသုံးပြုဖော်ပြခြင်းသည် ဘာသာစကားအသုံးပြုဖော်ပြခြင်းထက်များစွာ နားလည်စေသည့်အပြင် မတူညီသည့် ဆော့ဖ်ဝဲများအသုံးပြုသောအခါတွင်လည်း မြင်တွေ့ဖူးဖြစ်သော ကိုယ်စားပြုပုံများကို မြင်ရုံဖြင့် ဆော့ဖ်ဝဲ၏လုပ်ဆောင်ပုံကို အလိုအလျောက်နားလည်စေသည်။
UI တွင် လုပ်ဆောင်မှုကို ကိုယ်စားပြုပုံများအသုံးပြုဖော်ပြရုံသာမက အဘယ်သို့သောလုပ်ဆောင်မှုကို ကိုယ်စားပြုသောပုံများကို တစ်စုတစ်ဝေးတည်းထားရန်နှင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက်ကိုယ်စားပြုဖော်ပြသောပုံအစုအဝေးများကို ဆော့ဖ်ဝဲ (software) ၏ မည်သည့်နေရာ (သို့) မည်သည်စာမျက်နှာတွင် ထားရှိမည်သည်လည်းပါဝင်သည်။
လုပ်ဆောင်မှုအလိုက်စုစည်းပေးထားမှု၊ အစုအဝေးများကို နေရာချထားမှုသည် UI ၏ အသက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆော့ဖ်တစ်ခု၏ အသုံးပြုရလွယ်ကူခြင်း၊ အသုံးပြုသူအားလုံးကို လွယ်လင့်တကူ နားလည်စေခြင်းသည် UI ပေါ်တွင် အဓိကမှိခိုနေသောကြောင့်ဖြစ်သည်။
ဆော့ဖ်ဝဲ (software) တစ်ခုသည် ကွန်ပျူတာတွင် ထည့်သွင်းရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း ချို့ယွင်းချက်မရှိ ဆောင်ရွက်နိုင်ရန်မှာ ပထမ အရေးအကြီးဆုံးဖြစ်သည်။ ဒုတိယ အရေးကြီးဆုံးမှာ UI ဖြစ်သည်။