TCP/IP

TCP/IP သည် Transmission Control Protocol/Internet Protocol ကိုဆိုလိုသည်။ ၎င်းသည် အင်တာနက်အပါအဝင် ကွန်ယက်တွေပေါ်မှတဆင့် ချိပ်ဆက်ထားသောပစ္စည်းများအချင်းချင်း အချက်အလက်များဖလှယ်ရန် အသုံးပြုသော အခြေခံဆက်သွယ်ရေး ပရိုတိုကော ဖြစ်သည်။

TCP/IP ကို layered model ဖြင့်ဖွဲ့စည်းထားပြီး layer အသီးသီးတွင် သက်ဆိုင်ရာ လုပ်ဆောင်မှုများရှိသည်။ ၎င်းတို့မှာ (1) Application Layer (2) Transport Layer (3) Network Layer and (4) Network Access Layer တို့ဖြစ်သည်။

Application Layer သည် အပေါ်ဆုံးအလွှာဖြစ်ပြီး HTTP, FTP, and SMTP ကဲ့သို့သော protocol များအလုပ်လုပ်သည့်အလွှာဖြစ်သည်။ မျိုးမျိုးသော applications များ ကွန်ယက်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန်လည်း ကြားခံဖြစ်သည်။

Transport Layer သည် ပေးပို့သူနှင့် လက်ခံသူများ၏ ကွန်ပျူတာစနစ်သုံးပစ္စည်းများရှိ applications များကြားတွင် စိတ်ချယုံကြည်ရသော အချက်အလက်ပေးပို့မှုများ လုပ်ဆောင်သည်။ ၎င်းအလွှာတွင် TCP and UDP ကဲ့သို့သော protocol များပါဝင်သည်။ TCP သည် အမှားကင်းစိတ်ချရသော်လည်း ပေးပို့မှုနှုန်းအနည်းငယ်နှေးသည်။ UDP သည် ပေးပို့မှုနှုန်းတွင်အားသာသော်လည်း စိတ်ချရမှုပိုင်းတွင် အာမခံမှုမရှိပေ။

Internet Layer သည် အပိုင်းခွဲထားသောအချက်အလက်ကို ကွန်ယက်တစ်လျှောက် လမ်းကြောင်းပေးခြင်း တာဝန်ယူသည်။ ပို့ဆောင်ရမည့် အင်တာနက်လိပ်စာများကို အပိုင်းခွဲထားသော အချက်အလက်အသီးသီတွင် ထည့်သွင်းသည်။ IP and ICMP ကဲ့သို့သော protocol များ ဤအလွှာတွင်အလုပ်လုပ်သည်။

Network Access Layer ကို Data Link Layer ဟူ၍လည်းသိကြသည်။ ဤအလွှာတွင် ကွန်ယက်မှတစ်ဆင့် အချက်အလက်ထုတ်လွင့်မှုကို ကိုင်တွယ်သည်။ ၎င်းသည် hardware ပစ္စည်များနှင့်လည်းပတ်သက်မှုရှိသည်။ Ethernet and Wi-Fi ကဲ့သို့သော protocol များ ၏လုပ်ဆောင်မှုများ ဤအလွှာတွင် ပါဝင်သည်။

TCP/IP သည် အင်နက်ဆက်သွယ်ရေး၏ ပင်မကျောရိုးဖြစ်သည်။ ကွန်ယက်ပေါ်တွင် အဆက်မပြတ် အချက်အလက်များသွားလာနိုင်စေရန်အတွက် ယုံကြည့်စိတ်ချရပြီး စွယ်စုံရသော prototocol ဖြစ်သည်။