Uniform Resource Name (URN)

URN သည် URI အမျိုးအစားတစ်ခုဖြစ်ပြီး ၎င်းသည် အရင်းအမြစ်တစ်ခုကို အရင်းအမြစ်တစ်ခု၏တည်နေရာထက် အမည်ဖြင့်သတ်မှတ်ပေးသည်။ URNများ ကို ဆက်လက်တည်ရှိမှုကို ဦးစားပေး တည်ဆောက်ထားသည်။ ဆိုလိုသည်မှာ URN တစ်ခုမှ ရည်ညွှန်ထားသော အရင်းအမြစ်တစ်ခုကို နေရာပြောင်းရွေ့သွားခြင်း (သို့) ပယ်ဖျက်ခဲ့ခြင်း များပြုလုပ်ပါသော်လည်း URN မှာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ URN ကို စာအုပ်၊ ဆောင်းပါး နှင့် အခြားသော ဒစ်ဂျစ်တယ်ပစ္စည်း စသည်များကိုသတ်မှတ်ရန်အသုံးပြုသည်။

URN တစ်ခု၏တည်ဆောက်ပုံသည် သတ်မှတ်အသုံးပြုမည့် နယ်ပယ်ပေါ်တွင်မူတည်သောလည်း ယေဘုယျအားဖြင့်

urn:<NID>:<NSS>

ပုံစံဖြင့်ဖော်ပြသတ်မှတ်သည်။

urn: သည် scheme သတ်မှတ်ချက်ဖြစ်သည်ပြီး အမြဲတမ်း  “urn” စပြီး case-insensitive ဖြစ်သည်။

NID (namespace) သည် URN ကိုထုတ်‌ပေးထားသည့် အသုံးပြုမည့်စနစ် သတ်မှတ်ချက်ဖြစ်သည်။

NSS (namespace string)  သည် စနစ်တစ်ခုအတွင်းရှိ အရင်းအမြစ်တစ်ခုကို သတ်မှတ်ပေးသည်။ ၎င်း၏ရေးသားဖော်ပြသော ပုံစံသည် သတ်မှတ်အသုံးပြုမည့် စနစ်အပေါ်မူတည်သည်။

URN ကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဥပမာပြရလျှင် 

urn:isbn:0451450523 သည် ISBN နံပါတ်ဖြင့်စာအုပ်တစ်အုပ်ကို သတ်မှတ်ထားခြင်းဖြစ်သည်။

urn:ietf:rfc:3986 သည် RFC မှတ်တမ်းတစ်ခုကို နံပါတ်တစ်ခုဖြင့်သတ်မှတ်ခြင်းဖြစ်သည်။

အရင်းအမြစ်များကို တည်နေရာထက် အမည်ဖြင့် စံသတ်မှတ်ရန် URN ကို အသုံးပြုသည်။